တန့်ယန်း ဇန်နဝါရီ ၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါ ပညာရေးစုံညီပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကာပြောကြားပြီး တန့်ယန်းခရိုင်ပညာရေးမှူး ဦးကြည်လွင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်နန်းခမ်းမန်က ကျေးဇူးတင်စကားပြောကြားကာ ပညာရေးဆိုင်ရာထူးချွန်ဆုရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူအသီးသီးတို့က ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသား ကျောင်းသူများက တိုင်ရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကပြကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)