သတင်းများ

မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော် အန္တိမအဂ္ဂိဈာပန ရေစက်ချအခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 25,2023
မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော် အန္တိမအဂ္ဂိဈာပန ရေစက်ချအခမ်းအနားအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဟန်းရှင်လူပြည်သူများ၊ ဆွေတော်မျိုးတော်များ၊ ဧည့်သည်တော်များ တက်ရောက်ပူဇော်ကြပြီး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး ဆီဆိုင်မြို့နယ်အတွင်းရှိ ရွှေပဒေသာလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းသားများနှင့် တွေ့ဆုံ
Nov 25,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့ဝင်များသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့နံနက် ၁၁ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံပွဲပြုလုပ်ရာ အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆီဆိုင်မြို့သို့ လတ်တလောလုံခြုံရေးအခြေအနေအရ ရောက်ရှိနေသောဝန်ထမ်းများကို အားပေးစကားပြောကြား၍ ၎င်းဝန်ထမ်းများအား ထောက်ပံငွေများ ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးညီလာခံကို ကြိုဆိုသောအားဖြင့် မိခင်နှင့် ၅ နှစ်အောက်ကလေး သေဆုံးမှုကျဆင်းရေး အသိပညာပေးခြင်း၊ ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းများဆောင်ရွက်
Nov 25,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေး ညီလာခံကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မိခင်နှင့် ၅ နှစ်အောက်ကလေး သေဆုံးမှုကျဆင်းရေး အသိပညာပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို ယမန်နေ့၊ နံနက်က နောင်ကုလားကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲ၌ ကွင်းဆင်းပြုလုပ်ခဲ့ကြသည်။
စလင်းမြို့နယ်တွင် မြို့နယ်အဆင့်မူလတန်း၊ အလယ်တန်းဆရာ၊ ဆရာမများအား အင်္ဂလိပ်စာစွမ်းရည်မြင့်သင်တန်းဖွင့်လှစ်
Nov 25,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ မူလတန်း အလယ်တန်းအဆင့် ဆရာ၊ ဆရာမများအား ၂၀၂၃၊ ၂၀၂၄ ပညာသင်နှစ်အင်္ဂလိပ်စာစွမ်းရည်မြင့်သင်တန်းကို နိုဝင်ဘာ ၂၅ ရက်နံနက် ၉ နာရီ ၃၀ အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံ၊ လေလုံအားကစားရုံအတွင်း၌ သင်တန်းဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများအားမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 25,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ဌာနဆိုင်ရာများမှ ငွေလုံး ငွေရင်းရန်ပုံ‌ငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုများကိုမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများမှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
လွိုင်လင်မြို့တွင် (၇၅) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းဘုံကထိန်တက်ကပ်လှူဒါန်း
Nov 25,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် (၇၅)ကြိမ်မြောက် တပ်နယ်နှင့် ဌာနဆိုင်ရာစုပေါင်းဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ တရားနာရေစက်ချခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက သာသနာ့ဗိမာန်ဓမ္မာရုံကြီးတွင်ကျင်းပရာ မြို့ပေါ်ရှိကျောင်းတိုက်ကိုးတိုက်နှင့် အနီးပတ်ဝန်းကျင်ရှိကျောင်းများမှပင့်သံဃာ ၁၈ ပါးကြွရောက်ကြသည်။
ဆင်ပေါင်ဝဲမြို့၌ မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်မြှင့်သင်တန်း ဆွေးနွေးပွဲကျင်းပ
Nov 25,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာမူလတန်းလွန် ကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးခန်းမတို့တွင် ယနေ့ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာ သင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာ စွမ်းရည်မြှင့်သင်တန်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရ သည်။
မြို့နယ်အဆင့် AIDS ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာဆက်လက်မြှင့်တင်ပေးခေါင်းစဥ်ဖြင့် စာစီစာကုံး၊ ပန်းချီ ပြိုင်ပွဲ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျင်းပ
Nov 25,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၁) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်ကအခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် AIDS ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာဆက်လက်မြှင့်တင်ပေးခေါင်းစဥ်ဖြင့် စာစီစာကုံး၊ ပန်းချီ ပြိုင်ပွဲကျင်းပခဲ့သည်။