သတင်းများ

ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်(၇၂)ခုအား ပထမအကြိမ် တင်ဒါ/ဈေးပြိုင်စနစ်ဖြင့် ရောင်းချပေးခဲ့
Jan 10,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ရောင်းချရန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင်(၈၉)ခုအနက်မှ သားသတ်လုပ်ငန်းလိုင်စင်နှင့် အခြားအခွန်ကောက်လုပ်ငန်းလိုင်စင် စုစုပေါင်း ၇၂ ခုအား ပထမအကြိမ်အဖြစ် တင်ဒါ/ ဈေးပြိုင်စနစ်ဖြင့် ရောင်းချပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရေကြည်မြို့နယ် အသုတ်မြို့၊ ဆပ်ကွင်းအုပ်စု၊ ဒေါင့်ကြီးရိုးကျေးရွာ၊ ပုသိမ်-မုံရွာကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား
Jan 10,2024
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် အသုတ်မြို့၊ ဆပ်ကွင်းအုပ်စု၊ ဒေါင့်ကြီးရိုးကျေးရွာ၊ ပုသိမ်-မုံရွာကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်သင် ကျောင်းဆောင်သစ် ပန္နက်ရိုက် အခမ်းအနား ပြုလုပ်
Jan 10,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်သင် ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ပန္နက်ရိုက် အခမ်းအနားကို မြင်းခြံမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပ
Jan 10,2024
ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲကို ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ သံလွင်မြစ်ကမ်းနား၊ ညဈေးတန်းနေရာ၌ ကျင်းပရာ ဘားအံမြို့နယ်ရှိ တိုက်နယ်(၉)ခုမှ ပြိုင်ပွဲဝင်အသင်း(၉)သင်း၊ အားကစားသမားပေါင်း ၂၂၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက် အဝန်းဖြစ်ပေါ်စေရေးအတွက် အိုးအိမ်များအား ပြင်ဆင်မွမ်းမံပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jan 10,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ပိန်းနဲကုန်းကျေးရွာနှင့် ကလိုင်းကနိုင်ကျေးရွာတို့ရှိ ဆင်းရဲနွမ်းပါးပြီး သဘာဝဘေးကျရောက်လျှင် ကြံ့ခိုင်မှုမရှိသော နေအိမ်များအား မိုးကြိုကာလတွင် လေဘေးကြိုတင်ကာကွယ်ရေး အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကလိုင်းကနိုင်ကျေးရွာရှိ အိမ်ရှင် ဦးနိုင်ဦး၏ နေအိမ်အားစတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။
ကျိုက်မရောမြို့ အ.ထ.က ကျောင်း၌ ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 10,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် “ခွေးရူးရောဂါကင်းစင် မြန်ပြည်တစ်ခွင်” ၂၀၃၀ တွင် ရည်မှန်းချက် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ တွင်ခွေးရူးရောဂါ ကာကွယ် စောင့်ရှောက်ရေးစီမံချက်အရ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ခွေးရူးရောဂါကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံပုံအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက အ.ထ.က (ကျိုက်မရော) ကျောင်း ခန်းမ၌ ပြုလုပ်ခဲ့သည်။
ပျော်ဘွယ်မြို့ အ.ထ.က-ခွဲ (ရွှေပြည်ရန်နိုင်)တွင် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jan 10,2024
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန် မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (ရွှေပြည်ရန်နိုင်)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ သင်ထောက်ကူမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အသိပညာပေးဆွေးနွေး
Jan 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ သင်ထောက်ကူမော်‌‌တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ရွာသာကြီးအကြီးစားစက်မှုဇုန် MING SHANG SPORTS MYANMAR (ဖိနပ်)စက်ရုံနှင့် METERHOPE GARMENT (အထည်ချုပ်)စက်ရုံတို့၌ ပြုလုပ်ကြောင်း သိရသည်။