လပွတ္တာမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ လပွတ္တလုပ်မြောက်ကျောင်းတွင် "လူငယ်စကားဝိုင်း” ကျင်းပ
Jan 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က လပွတ္တာမြို့၊ အ.ထ.က ကျောင်းခွဲ လပွတ္တလုပ်မြောက်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။