စလင်း နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ မူလတန်း အလယ်တန်းအဆင့် ဆရာ၊ ဆရာမများအား ၂၀၂၃၊ ၂၀၂၄ ပညာသင်နှစ်အင်္ဂလိပ်စာစွမ်းရည်မြင့်သင်တန်းကို နိုဝင်ဘာ ၂၅ ရက်နံနက် ၉ နာရီ ၃၀ အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံ၊ လေလုံအားကစားရုံအတွင်း၌ သင်တန်းဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ စလင်းမြို့နယ် ဒုပညာရေးမှူး ဦးရာဇာထက်နှင့် သင်တန်းနည်းပြဆရာမ ဒေါ်ချိုမီအောင်နှင့် ဒေါ်ရီဝေဖြိုး၊ မူလတန်းနှင့် အလယ်တန်းအဆင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။ မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်မြင့်သင်တန်း ဖွင့်လှစ်သင်ကြားပို့ချရခြင်း၏ ရည်ရွယ်ချက်များကို ဒုမြို့နယ်ပညာရေးမှူး ဦးရာဇာထက်က ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုပညာရေးမှူး
ဦးရာဇာထက်မှ သင်တန်းမှူးအဖြစ်ဆောင်ရွက်ကာ သင်တန်းနည်းပြဆရာမ ဒေါ်ချိုမီအောင်နှင့် ဒေါ်ရီဝေဖြိုးတို့မှ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား စွမ်းရည်အပြည့်ဖြင့် ပြန်လည်သင်ကြားပို့ချနိုင်စေရန်အတွက် သင်တန်းတက်ရောက်လာကြသည့် ဆရာ၊ ဆရာမများအနေဖြင့် ဂရုတစိုက်လေ့လာမှတ်သားကြရန် ပြောကြားခဲ့ပြီး သင်တန်းအား ဆက်လက်သင်ကြားလဲ့သည်။
သင်တန်းတွင် မူလတန်းအဆင့် အလယ်တန်းအဆင့် ဆရာ၊ ဆရာမ(၃၁၁)ဦးတို့ သင်တန်းသားများအဖြစ် တက်ရောက်လဲ့ကြကာ နံနက်(၉)နာရီ၃၀မှ ညနေ ၄ နာရီအချိန်အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းအား နိုဝင်ဘာ (၁၈) ရက်နေ့မှစတင်ကာ အပတ်စဥ် စနေ၊ တနင်္ငနွေနေ့တိုင်း သင်တန်းပို့ချသွားမည်ဖြစ်ကြောင်းကို မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
မောင်လွင်