သတင်းများ

မိုင်းနောင်မြို့တွင် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ခြင်းနှင့် တရားနာ​ရေစက်ချခြင်းများ ဆောင်ရွက်
Nov 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ခြင်းနှင့် တရားနာရေစက်ချခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့၊ နေ့လယ် (၁) နာရီအချိန်က မင်္ဂလာ ရန်အောင်ကျောင်းတိုက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့၌ မြို့ပေါ်ရပ်ကွက်ရှိ မြတ်စွာဘုရားရုပ်ပွားတော်များ ဒေသစာရီ လှည့်လည် ပူဇော်ခံပွဲ ကျင်းပ
Nov 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ မြတ်စွာဘုရား ရုပ်ပွားတော်များ ဒေသစာရီ လှည့်လည်ပူဇော်ခံပွဲကို တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်၊  ယနေ့ နံနက် ၆ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်ပူဇော်ခံကြောင်း သိရသည်။
နမ့်စန်တွင် မြို့နယ်ပညာရေးမှူးဖလား အသက်၁၅နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပမည်
Nov 28,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အသက် (၁၅) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် မြို့နယ်ကျောက်တိုင်အားကစားကွင်း၌ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၅၄၂၂ ကြိမ်မြောက် အရုဏ်ဆွမ်း လောင်းလှူ
Nov 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၅၄၂၂)ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တန်ဆောင်မုန်းလပြည့်နေ့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများဖြင့် စည်းကား
Nov 28,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများပြားလျက်ရှိရာ ယမန်နေ့ တန်ဆောင်မုန်းလပြည့်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ တစ်ခွင်လုံး ဘုရားဖူးလာသူများဖြင့် စည်ကားများပြားလျက်ရှိကာ နေ့ချင်းပြန်ဘုရားဖူးများနှင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် တည်းကာ ဝင်ရောက်လာသည့် ဘုရားဖူးခရီးသွားများပြားလျက်ရှိကြောင်း သိရသည်။
တာလေမြို့၌ (၅၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် စည်ကားသိုက်မြိုက်စွာ ကျင်းပ
Nov 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ (၅၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ခြင်းကို  ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ယမန်နေ့ နံနက် ၇ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား ကျင်းပ
Nov 28,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ် သံဃာတော် အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရာပြည့်ကပ်ကျော်စေတီတော်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီး တရားသူချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်များ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
မြို့သစ်မြို့ ဆုတောင်းပြည့်ဘုရားတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Nov 28,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စျေးရပ်ကွက်အတွင်းရှိ ဆုတောင်းပြည့်ဘုရားဝန်းအတွင်း ရဟန်းသံဃာအပါး (၁ဝ၈) ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို တန်ဆောင်မုန်းလပြည့်နေ့၊ ယမန်နေ့နေ့လည် (၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။