ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၁) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်ကအခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် AIDS ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာဆက်လက်မြှင့်တင်ပေးခေါင်းစဥ်ဖြင့် စာစီစာကုံး၊ ပန်းချီ ပြိုင်ပွဲကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စာစီစာကုံးပြိုင်ပွဲတွင် ထက်/လယ် အဆင့် ကျောင်းသား/သူ (၁၅)ဦး၊ ပန်းချီပြိုင်ပွဲတွင် လယ်/မူ အဆင့် ကျောင်းသား/သူ (၁၀) ဦး စုစုပေါင်း (၂၅) ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲသို့မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း