လွိုင်လင် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် (၇၅)ကြိမ်မြောက် တပ်နယ်နှင့် ဌာနဆိုင်ရာစုပေါင်းဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ တရားနာရေစက်ချခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက သာသနာ့ဗိမာန်ဓမ္မာရုံကြီးတွင်ကျင်းပရာ မြို့ပေါ်ရှိကျောင်းတိုက်ကိုးတိုက်နှင့် အနီးပတ်ဝန်းကျင်ရှိကျောင်းများမှပင့်သံဃာ ၁၈ ပါးကြွရောက်ကြသည်။
တရားနာရေစက်ချခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပရာ ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားဖွင့်လှစ်ပါသည်။ ယင်းနောက် ဩကာသကန်တော့ချိုးဖြင့် ကန်တော့ပြီးနောက် လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်များက မေတ္တာသုတ်ပရိတ် တရားတော်များချီးမြှင့်ပေးပြီး ကထိန်သင်္ကန်းလျာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က ဓာတ်တော်ကျောင်းတိုက်ဆရာတော်ထံ ဆက်ကပ်ပါသည်။ ထို့နောက် ဆရာတော်ကြီးမှ အနုမောဒနာတရားဟောကြားပါသည်။ ဆက်လက်၍ ဆရာတော်များအား နဝကမ္မဆက်ကပ်ခြင်း၊ ပဒေသာပင်များ မဲနှိုက်လှူဒါန်းခြင်းများ ဆောင်ရွက်ပြီးနောက် မင်္ဂလာအနောက်ကျောင်းတိုက် ဆရာတော်မှ ရေးက်ချတရားချီးမြှင့်ပေးပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို အောင်မြင်ပြီးမြောက်ပါသည်။ အခမ်းအနားအပြီးတွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ယနေ့ ကျင်းပပြုလုပ်သည့် တပ်နယ်နှင့်ဌာနဆိုင်ရာ စုပေါင်းဘုံကထိန်၊ ကထိန်င်္ကန်းနှင့် ပဒေသာပင် (၃၁)ပင်ကို မြို့ပေါ်ရှိကျေင်းတိုက် (၉)တိုက်နှင့် ကျေးရွာကျောင်းတိုက်များကို စုစုပေါင်းတန်ဖိုးမှ ကျပ်နှစ်ရာ့ကိုးဆယ့်သုံးသိန်းကျော် လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်နယ်နှင့်ဌာနဆိုင်ရာ စုပေါင်းဘုံကထိန်ပဒေသာပင် (၃၁)ပင်အား မြို့တွင်းသို့လှည့်လည်ပူဇော်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လှည့်လည်ခဲ့ကြသည်။
ခရိုင် (ပြန်/ဆက်)