မင်းလှမြို့နယ်တွင်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများအားမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

အထက်မင်းလှ  နိုဝင်ဘာ   ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ဌာနဆိုင်ရာများမှ ငွေလုံး ငွေရင်းရန်ပုံ‌ငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုများကိုမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများမှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကတဲ(ပုသိမ်-မုံရွာ)လမ်းမြေနီခင်းခြင်းလုပ်ငန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကိုင်းငယ်ကြီးကျေးရွာ၌ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့်ဆောင်ရွက်သော ဂါလန်၅၀၀၀ဆံ့ အုတ်ရေကန်၊ ရေစက်ရုံနှင့်ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း၊ ဆောက်လုပ်‌ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ အမှတ်(၂)လမ်းဌာနခွဲမှ တာဝန်ယူဆောင်ရွက်နေသည့် မီးလောင်ကုန်း-မကြီးကုန်း-ဘန့်ပြင်လမ်း ပေါ်ရှိပေ(၃၀) ရေကျော်နှင့်ပေ(၄၀)ရေကျော်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ပညာရေးဌာနမှ ရှမ်းတပ်ကြီးကျေးရွာတွင် အခြေခံပညာအထက်တန်းကျောင်း နံရံဆေးသုတ်ခြင်း၊ တမံတလင်းခင်းခြင်းရေငံကျေးရွာ အလယ်တန်းကျောင်းတွင် ၁၂၀ ပေx ၃၀ပေ နံရံကန့်၊ နံရံဆးသုတ် တမံတလင်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ လယ်လှ‌ ကျေးရွာ အလယ်တန်းကျောင်းတွင်သန့်စင်ခန်း(၂)ခန်းတွဲ(၂)လုံး ဆောက်လုပ်ပြီးစီးမှု အခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းချေးငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများ၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများ၊ စပါးသီးနှံ စိုက်ခင်းများ၊ ပန်းနှမ်းစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းလှမြို့နယ်၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ဌာနဆိုင်ရာများအလိုက် ငွေလုံးငွေရင်းရန်ပုံ ငွေဖြင့်ဆောင်ရွက်သည့်လုပ်ငန်းများ အရည်အသွေးပြည့်မီပြီး အချိန်မီပြီးစီးအတွက်တာဝန်ယူ ဆောင်ရွက်‌နေသည့် ကုမ္ပဏီများနှင့်သက်ဆိုင်ရာဌာနများမှ အလေးထားဆောင်ရွက်ရန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကလမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)