သတင်းများ

မုဒုံမြို့ အ.ထ.က(၂)ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
Jan 09,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပညာရတနာခန်းမ၌ ကျင်းပသည်။
မော်လမြိုင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်
Jan 09,2024
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ် (၆) ထပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ    
Jan 09,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက်၉နာရီက အထက (ရွာငံ) ပြဒါးလင်းခန်းမ၌ ကျင်းပသည်။ 
ရှမ်းရွာသစ်မြို့ ဒေသထွက်ကြံသကာလုပ်ငန်းများ ဈေးကောင်းရ၍ မိသားစုစားဝတ်နေရေးအဆင်ပြေ
Jan 09,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်ကြံစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဒေသထွက်သဘာဝစစ်စစ် တပိုင်တနိုင် ကြံသကာချက်လုပ်ရောင်းချခြင်းများပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် ကြံသကာများဈေးကောင်းရသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 09,2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ ရှင်ပင်မိုးကောင်းမြတ်စွာဘုရားဝင်းအတွင်းရှိ ရတနဃရသာသနဗိမာန်၌ ယနေ့နံနက် ၈ နာရီအချိန်က ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
နယ်လှည့်စာဌား စာအုပ်ပြပွဲဆောင်ရွက်
Jan 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက လဟယ်မြို့ မီးသတ်ဦးစီးဌာနရုံးရှိ အရာထမ်းအမှုထမ်းများအား နယ်လှည့်စာဌားစာအုပ်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန် အဆိုပါရုံးသို့ သွားရောက်ပြုလုပ်ပါသည်။
ထုံးကျောက်တူးဖော်ထုတ်လုပ်‌ရေးလုပ်ငန်းများအတွက် ပတ်ဝန်းကျင်ဆိုင်ရာ‌ လေ့လာဆန်းစစ်ချက် ပြုလုပ်ရန် ဒေသခံပြည်သူများနှင့်တွေ့ဆုံ
Jan 09,2024
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ကန်ကျေးရွာအုပ်စု ကွင်းပြင်ဒေသတွင် မြင့် ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလီမိတက်မှ ထုံးကျောက်တူးဖော်ထုတ်လုပ်‌ရေးလုပ်ငန်းများအတွက် ပတ်ဝန်းကျင်ဆိုင်ရာ‌ လေ့လာဆန်းစစ်ချက် ပြုလုပ်ရန် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့တက်ရောက်
Jan 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ပင်မဆောင်၌ ကျင်းပသည်။