မဟာအောင်မြေ နိုဝင်ဘာ ၂၅
မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော် အန္တိမအဂ္ဂိဈာပန ရေစက်ချအခမ်းအနားအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဟန်းရှင်လူပြည်သူများ၊ ဆွေတော်မျိုးတော်များ၊ ဧည့်သည်တော်များ တက်ရောက်ပူဇော်ကြပြီး သံဃာတော်များ အမှူးပြုသော ပရိသတ်အားလုံးက သဗ္ဗေ သင်္ခါရာ အနိစ္စာ အစရှိသော သုံးဂါထာကို ရွတ်ဆို သံဝေဂဉာဏ် ပွားများ၍ အခမ်းအနား ဖွင့်လှစ်ခြင်း၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဝိဇ္ဇာလင်္ကာရ ကျောင်းတိုက်၊ ရွှေကျင်ဂိုဏ်း အကျိုးတော်ဆောင်ချုပ် ဝိဇ္ဇာလင်္ကာရ ဆရာတော်အထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြခြင်း၊သာသနာရေးဝန်ကြီးဌာနမှ ပေးပို့လှူဒါန်းသော “စိန်ကတ္တီပါတော်” ကို လွှမ်းခြုံပူဇော်ခြင်း၊ ကျောက်မဲမြို့၊ သီဟိုဠ်ပရိယတ္တိစာသင်တိုက်၊ ရွှေကျင်ဂိုဏ်း အကျိုးတော်ဆောင် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရ-က မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် ရွှေကျင်နိကာယဗဟိုဌာန သံဃာတော်များ၏ "သံဝေဂဘာဝနာ သဝဏ်လွှာ" ကို ဖတ်ကြားပူဇော်ခြင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ “သံဝေဂဘာဝနာ သဝဏ်လွှာ" ကို ဖတ်ကြားပူဇော်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ချမ်းမြေ့မြိုင်စာသင်တိုက် ဘဒ္ဒန္တသာဂရာဘိဝံသ ဘိဝံသက ကျေးဇူးတော်ရှင် ဝိသုဒ္ဓါရုံစည်ရှင်ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအား ဖတ်ကြားပူဇော်ခြင်း၊ စည်ရှင်ဆရာတော်ကြီး ကိုယ်တိုင်ရေးသားအပ်သော မဟာထေရဂုဏသံယုတ္တသံဝေဂိယ ဂါထာတော်များကို ဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ကျောင်းဘုန်းကြီး ဘဒ္ဒန္တဝဏ္ဍိတာဘိဝံသကဖတ်ကြားပူဇော်ခြင်း၊ ဆရာတော် ဘုရားများအား သင်္ကန်းစသော လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ စစ်ကိုင်းတောင်းရိုး (အဘိဓဇမဟာရဠဂာရု ရွှေကျင်နိကာယဥက္ကဋ္ဌ မဟာနာယက)၊ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိသာရထံမှ မရဏာနုဿတိဘာဝနာတရားနှင့် ရေစက်ချတရားနာယူခြင်း၊ ဆရာတော်သံဃာတော်များ အမှူးပြုသော အစရှိသော ၃-ဂါထာကို ရွတ်ဆိုသံဝေဂဉာဏ်ပွာ ပရိသတ်အားလုံးက “အနိစ္စာ ဝတ သင်္ခါရာ” ဝဂဉာဏ်ပွားများ၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော် အန္တိမအဂ္ဂိဈာပနအား နိုဝင်ဘာလ (၂၃) ရက်နေ့ ညနေပိုင်းတွင် မဟာအောင်မြေမြို့နယ် ၃၉ လမ်းနဲ့ လမ်း ၄၀ ကြား ဧရာဦးဆိပ်ကမ်းသို့ ကရဝိတ်ယာဥ်တော်နဲ့ ပင့်ဆောင်ပြီး အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားအား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း