သတင်းများ

ချောင်းဆုံမြို့နယ်တွင် ပိုက်ဆံလျှော် (သစ်စိမ်း) သဘာဝမြေဩဇာ မျိုးစေ့ထုတ်စိုက်ခင်းများ တိုးချဲ့စိုက်ပျိုးထား
Jan 09,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် (သစ်စိမ်း) သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်သည့် ပိုက်ဆံလျှော်ပင်များကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးဌာနမှ နတ်မှော်ကွင်းတွင် ပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ခင်း (၁၅) ဧကကို လျာထားချက်ကျော်လွန်အောင် တိုးချဲ့စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ရပ်စောက်မြို့နယ်ရှိ ကျောက်တောကျေးရွာ၌ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jan 09,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မီးသက်ဦးစီးဌာနတိုပူးပေါင်း၍  ယနေ့နံနက် ၁၀ နာရီအချိန်က ကျောက်တောကျေးရွာ တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ  ပြုလုပ်ခဲ့ကြောင်းသိရသည်။
တပ်ကုန်းမြို့အဝင်၌ ကား၊ မော်တော်ဆိုင်ကယ် စုစုပေါင်း ၁၀၀ စီးအား ရှောင်တစ်ခင်စစ်ဆေးမှု ဆောင်ရွက်
Jan 09,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်၊ ရှောင်တစ်ခင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တပ်ကုန်း​မြို့အဝင် ရန်ကုန်-မန္တလေးကားလမ်းတွင် ကား ၂၃စီး၊ မော်တော်ဆိုင်ကယ် ၇၇ စီးအား ရှောင်တခင်စစ်ဆေးမှု ဆောင်ရွက်ခဲ့သည်။
သံဖြူဇရပ်၌ လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်
Jan 09,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က (မူလွန်) ဖေါင်စိန်ကျောင်း၌ ပြုလုပ်ခဲ့သည်။
မုံရွာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ခရိုင်အဆင့် လူရည်ချွန်စာမေးပွဲဖြေဆို
Jan 09,2024
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ပညာရေးမှူး ဦးမြင့်ဆွေသည် ယနေ့ နံနက်ပိုင်းက မုံရွာမြို့ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး အဆိုပါကျောင်းတွင် မုံရွာခရိုင် အတွင်းရှိ မုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်မြို့နယ်အဆင့် လူရည်ချွန် ကျား/မ ပထမ၊ ဒုတိယ ရရှိသော ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၂၃၂၀၂၄ ပညာသင်နှစ်၊ ခရိုင်အဆင့် လူရည်ချွန်စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေးပြီ လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
နတ်တလင်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်
Jan 09,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက နတ်တလင်းမြို့၊ အ.မ.ကတံခွန်တိုင်ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် စာအုပ်ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျန်းမာရေးဝန်ထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေး
Jan 09,2024
မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံခြင်းကို မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးနှင့် ချမ်းမြသာစည်မြို့နယ်ရှိ ခုတင် (၃၀၀) သင်ကြားရေး ဆေးရုံတို့တွင် ယနေ့နံနက် ၉ နာရီအချိန်က စတင်ထိုးနှံပေးကြသည်။
ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စုမှ နွားကောင်ရေ ၁၀၁ ကောင်အား ကျွဲ၊ နွား ခွာနာလျှာနာ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Jan 09,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူများ မွေးမြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးများနှင့် ကုသဆေးများကို ကျေးရွာများသို့ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပင်ဦးကျေးရွာအုပ်စု ကံရွာနှင့် ငရံ့ချောင်းကျေးရွာများသို့ သွားရောက်၍ နွားကောင်ရေ ၁၀၁ ကောင်အား ကျွဲ၊ နွား ခွာနာလျှာနာရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့သည်။