ဆင်ပေါင်ဝဲမြို့၌ မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်မြှင့်သင်တန်း ဆွေးနွေးပွဲကျင်းပ

ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာမူလတန်းလွန် ကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးခန်းမတို့တွင် ယနေ့ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာ သင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာ စွမ်းရည်မြှင့်သင်တန်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရ သည်။

အဆိုပါ ဘာသာရပ်မွမ်းမံသင်တန်းအား ဆင်ပေါင်ဝဲ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်မှ ကြီးကြပ်၍ သင်တန်းနည်းပြ (၃) ဦးဖြင့် သင်တန်း ပို့ချပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး သင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ဘာသာရပ်များ သင်ကြား ပေးနေသော ဆရာ၊ ဆရာမ (၂၀၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ နိုဝင်ဘာ (၂၄) ရက်နေ့မှ (၂၇) ရက်နေ့အထိ (၄)ရက်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)