သတင်းများ

ဧရာဝတီတိုင်းဒေသကြီးတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်နှင့် မြောင်းမြခရိုင်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 11,2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက အစိုးရအဖွဲ့အဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ကျုံပျော်ခရိုင်နှင့် မြောင်းမြခရိုင်အတွင်းသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် (Community Center)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်
Jan 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် စာရေးဆရာမမြတ်သစ္စာ(ဆိပ်ဖြု) ရေးသားသည့် “မေ့နိုင်ပါလားချစ်ဦးရယ်” ၀တ္ထုတိုဖြင့် ယမန်နေ့နေ့လယ်(၁)နာရီ၌ မြို့နယ်စာရေးဆရာအသင်းအဖွဲ့များနှင့်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ပညာရေးစုံညီပွဲတော်အခမ်အနား တက်ရောက်
Jan 11,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄-၂၀၂၄ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြင့်ပွဲအခမ်အနား ကျင်းပ
Jan 11,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုရာ ဆုချီးမြင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီး၌ အထူးကုဆရာဝန်ကြီးများအဖွဲ့မှ (အခမဲ့) ဆေးကုသပေးမည်
Jan 11,2024
ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ပါမောက္ခအထူးကုဆရာဝန်ကြီးများပူးပေါင်းအဖွဲ့သည် သံတွဲခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် သံတွဲခရိုင်အတွင်းရှိ ရောဂါဝေဒနာရှင်များအား (အခမဲ့)စမ်းသပ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ တက်ရောက်
Jan 11,2024
(၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရောက်ရှိနေသာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဇန်နဝါရီ (၉)ရက်က မွန်းလွဲ ၃ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့၌ ကျင်းပသည့် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ပေါင်းတည်၌ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Jan 11,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၁၀နာရီခွဲက ကုန်စည်စီးဆင်းမှု၊ ကူးသန်းရောင်းဝယ်မှုနှင့် ပြည်သူများခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးတို့အတွက် စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချပေးနေမှု အခြေအနေများကို မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီအဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့သည် ကွင်းဆင်းစစ်ဆေးကြည့်ရှုကြကြောင်း သိရသည်။
မိုးကုတ်မြို့အတွင်း ဂုဏဝိသိဋ္ဌစာအောင်ဆုနှင်းသဘင် ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ပြာသိုလပြည့်နေ့တွင် ကျင်းပပြုလုပ်မည်
Jan 11,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ သာသနာရေးဦးစီးဌာနက ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော ဓမ္မာစရိယာ၊ နိကာယ်၊ ပါဠိပထမပြန်၊ အဘိဓမ္မစာမေးပွဲတို့တွင် အောင်မြင်တော်မူကြသည့် သံဃာတော်များနှင့် သီလရှင်များ၊ လူပုဂ္ဂိုလ်တို့အား ဂုဏဝိသိဋ္ဌ စာအောင်ဆုနှင်းသဘင် ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ပြာသိုလပြည့်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ယမန်နေ့မွန်းလွဲ (၁) နာရီက ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။