မုံရွာ ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုရာ ဆုချီးမြင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသမီးဗိုလ်လုပွဲစဉ်အဖြစ် အင်းတော်မြို့နယ်အသင်းနှင့် ဗန်းမောက်မြို့နယ်အသင်းတို့ ယဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားကြရာ အင်းတော်အသင်းမှ ၅၄ မှတ် ၄၁ မှတ်ဖြင့် အနိုင်ရရှိသွားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမဆုရရှိသော အင်းတော်မြို့နယ်အသင်းနှင့် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမဆုရရှိသော ကသာမြို့နယ်အသင်းတို့အား ဒိုင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်မှ အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမဆုရရှိသော ကသာမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များအားလည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမဆုရရှိသော အင်းတော်မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များအားလည်းကောင်း ပေးအပ်ချီးမြင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးမှ အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသော စစ်ကိုင်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးမှ အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ဗန်းမောက်မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး လုမှုရေးရာဝန်ကြီးမှ အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲတွင် တတိယဆုရရှိသော ကသာမြို့နယ်အသင်းနှင့် အမျိုးသားဘတ်စက်ဘောပြိုင်ပွဲတွင် တတိယဆုရရှိသော ရေဦးမြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသား ဆုများအားလည်းကောင်း၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပွဲစဉ်တစ်လျောက် အကောင်းဆုံးဆုရရှိကြသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြင့်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်တာဝန်ရှိသူများက ဆုရရှိကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်။