မင်းလှမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်
Jan 11,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံပညာကျောင်းများနှင့်ပူးပေါင်း၍ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၀ရက်နေ့ လယ်ပိုင်းက သရော(အမ်) အုပ်စု၊ သရက်ပင်ဆိပ်ကျေးရွာ၊ အ.မ.က သရက်ပင်ဆိပ်ကျောင်း၌ ပြုလုပ်ခဲ့သည်။