သံတွဲ ဇန်နဝါရီ ၁၁
ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ပါမောက္ခအထူးကုဆရာဝန်ကြီးများပူးပေါင်းအဖွဲ့သည် သံတွဲခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် သံတွဲခရိုင်အတွင်းရှိ ရောဂါဝေဒနာရှင်များအား (အခမဲ့)စမ်းသပ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ကုသရာတွင် အထွေထွေရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အသည်းရောဂါ၊ နှလုံးရောဂါ၊ ဦးနှောက်နှင့် အာရုံကြော၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ ရင်ခေါင်း၊ ဆီးချိုနှင့် ဟော်မုန်းရောဂါ၊ ကလေးဦးနှောက်နှင့် အာရုံကြော၊ အရိုး ၊အကြော၊ အဆစ်၊ မျက်စိ အစရှိသည့် ရောဂါများကို ပါမောက္ခအထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းဖြူဖြူမြင့် ဦးဆောင်သော ပူးပေါင်းဆေးကုသရေးအဖွဲ့မှ အခမဲ့ ကုသပေးသွားမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ဆေးကုသလိုသော ရောဂါဝေဒနာရှင်များအနေဖြင့် သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီး Reception Counter တွင် လာရောက်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် တောင်ကုတ်နှင့် ဂွမြို့နယ်များမှ လာရောက်ပြသလိုပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဆေးရုံများနှင့် ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များထံတွင် ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း ခရိုင်ဆရာဝန်ကြီးထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)