လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် (Community Center)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

လှိုင်သာယာ ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် စာရေးဆရာမမြတ်သစ္စာ(ဆိပ်ဖြု) ရေးသားသည့် “မေ့နိုင်ပါလားချစ်ဦးရယ်” ၀တ္ထုတိုဖြင့် ယမန်နေ့နေ့လယ်(၁)နာရီ၌ မြို့နယ်စာရေးဆရာအသင်းအဖွဲ့များနှင့်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

 စာဖတ်ဝိုင်းတွင်   စာပေချစ်မြတ်နိုးသူများ၊ စာဖတ်၀ါသနာပါသူများ အသိပညာဗဟုသုတဖလှယ်နိုင်စေရန်နှင့် မိတ်ဆွေအပေါင်းအသင်းတိုးပွားပြီး စာပေဖတ်ရှုသည့်အ‌လေ့အထများဖြစ်ပေါ်လာစေရန် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ဒုတိယဦးစီးမှူးဒေါ်မာချို၀င်းကရှင်းလင်းပြောကြားပြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌကြည်ကြည်မြင့်မြတ်မှ မုဒိတာစကားပြောကြားသည်။

အဆိုပါ စာဖတ်၀ိုင်း Book Club တွင် စာရေးဆရာမမြတ်သစ္စာ(ဆိပ်ဖြူ)က “‌မေ့နိုင်ပါလားချစ်ဦးရယ်” ၀တ္တုတိုအား မိတ်ဆက်ဖတ်ကြားပြီး  စာပေချစ်မြတ်နိုးသူ စာရေးဆရာ  (ကိုမာတိ-ပန်းတော်ကြီး)က ၀တ္ထုတိုတစ်ပုဒ်ရေးသားရာတွင် လူငယ်များအတွက် မှတ်သားဖွယ်ရာရည်ရွယ်ချက်များ ပါရှိသင့်‌ကြောင်း‌ ဆွေး‌နွေးပြောကြားသည်။ တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူစာရေးဆရာများမှလည်း သိရှိလိုသည်များမေးမြန်းကာ အပြန်အလှန်ဆွေးနွေးပြောကြားသည်။ စာဖတ်ဝိုင်းသို့ စာပေဝါသနာပါသူ(၂၀)ဦး တက်ရောက်လျက်ရှိကြောင်းနှင့် ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များကို စိတ်ပါ၀င်စားစွာ ကြည့်ရှုလျက်ရှိသည်။

ခင်၀င်းမူ(ပြန်/ဆက်)