သတင်းများ

ဟုမ္မလင်းမြို့၌ ၂၀၂၃-၂၀၂၄  ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ
Jan 11,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ဟုမ္မလင်းမြို့ အ-ထ-က(၁) ဘိုးရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့အတွင်း ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများကို တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Jan 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ယမန်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မော်လမြိုင်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 11,2024
မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေမြိုင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျွန်းစုမြို့တွင် စံပြကျေးရွာအဖြစ် ရွေးချယ်ထားသည့် ကမ်းကြီးကျေးရွာ၌ စီမံကိန်းလုပ်ငန်းများ မိတ်ဆက်ရှင်းလင်း
Jan 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက စံပြကျေးရွာအဖြစ် ရွေးချယ်ထားသည့် ကမ်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
နောက်ကျစိုက်ပျိုးထားရှိသည့် ချည်မျှင်ရှည်ဝါများဖြစ်ထွန်းအောင်မြင်လျက်ရှိ
Jan 10,2024
စစ်ကိုင်းခရိုင်၊  မြင်းမူမြို့နယ်တွင်ဒေသခံတောင်သူများ  နောက်ကျစိုက်ပျိုးထားရှိသည့် ချည်မျှင်ရှည်ဝါများအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်းရရှိနိုင်ကြောင်းသိရှိရသည်။ မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ်တွင်ဝါလျာထားဧက(၂၁၉၃၉)ကိုအပြည့်အဝစိုက်ပျိုးနိုင်ခဲ့ပြီး နိုဝင်ဘာလပိုင်းမှစတင်ကာ ဝါများကောက်ယူရောင်းချခဲ့ကြကြောင်း၊  ဝါထွက်နှုန်းအနေဖြင့် ပျှမ်းမျှ(၁)ဧကလျှင် ပိသာ(၆၅၀)မှ(၇၀၀)ထိထွက်ရှိကြောင်းဝါစိုက်တောင်သူများထံမှသိရှိရသည်။
ရန်ကုန်မြို့၌ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများကို ဖျက်ဆီးသူ အကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲပြုလုပ်
Jan 10,2024
မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများကို ဖျက်ဆီးသူအကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ နေ့လယ်၂ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ် အခြေခံပညာမူလတန်း(လွန်)သခင်မြကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်
Jan 10,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာမူလတန်း(လွန်) သခင်မြကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ဘုတ်ပြင်းမြို့ အ.ထ.က-ဘုတ်ပြင်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရေး စုံညီပွဲတော် ကျင်းပ
Jan 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ဘုတ်ပြင်းမြို့ အ.ထ.က-ဘုတ်ပြင်းကျောင်း၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်က အဆိုပါကျောင်း နရဝတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။