မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်ရေးသရုပ်ပြပွဲအခမ်းအနားကျင်းပ

မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၁၇

ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၁၁) နာရီ၌ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်ရေးသရုပ်ပြပွဲ အခမ်းအနားကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဌေးလင်းဦးဦးဆောင်၍ သန္ဓေ တပ်ဖွဲ့ဝင် (၆) ဦးဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်း များကို သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။ အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)