သတင်းများ

ကွန်ဟိန်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဝမ်ပန်)တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ
Jan 17,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်ပန်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဝမ်ပန်)တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Jan 17,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နေ့လယ်(၁၂:၁၅)နာရီက ပုံပြင်ပြောပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က (ဆုံဆည်းမြိုင်)တွင် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်
Jan 17,2024
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ မဲကုလားအုပ်စု ဆုံဆည်းမြိုင် အထူးဒေသ ဆုံဆည်းမြိုင် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အား ယမန်နေ့ ညနေ ၄ နာရီအချိန်က အဆိုပါ ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
တာချီလိတ်မြို့၌ မြို့နယ်ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 17,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံ ပညာအထက်တန်းကျောင်း (တာချီလိတ်) ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။
တပ်ကုန်းမြို့နယ် ကျောင်းရွာကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 17,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ကျေးချောင်းကျေးရွာအုပ်စု၊ ကျောင်းရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများပိုမိုရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပခဲ့သည်။
The 6th Western China International Fair for Investment and Trade (WCIFIT) သို့ ပါဝင်တက်ရောက်နိုင်
Jan 17,2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့တွင် ၂၀၂၄ ခုနှစ်၊ မေလလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် “The 6th Western China International Fair for Investment and Trade (WCIFIT)” သို့ မြန်မာလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ရန် ဖိတ်ခေါ်ထားသည်။
ရွှေတောင်မြို့နယ်တွင် နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် နတ်မှော်လျှပ်စစ်မြစ်ရေတင်ဌာနမှ စိုက်ပျိုးရေပေးဝေမှေုအခြေအနေများနှင့် တောင်သူများထွန်ယက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 17,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများမှ နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် နတ်မှော်လျှပ်စစ်မြစ်ရေတင်ဌာနမှ စိုက်ပျိုးရေပေးဝေမှေုအခြေအနေများနှင့် တောင်သူများ ထွန်ယက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jan 17,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊  မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊  နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာ အထက်တန်းကျာင်း၌ ပြုလုပ်ခဲ့သည်။