ရေဖြူ ဇန်နဝါရီ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ သွေးတိုးနှင့် ဆီးချို၊ သွေးချို လူနာများအား အပတ်စဉ် ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီမှစ၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံး (ဆေးရုံဟောင်း)တွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လူနာများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်ခြင်း၊ ကိုယ်အလေးချိန်ခြင်း၊ အရပ်အမြင့်တိုင်းတာခြင်း၊ ဆီးချို/သွေးချိုရောဂါအတွက် သွေးဖောက်စစ်ဆေးပေးခြင်းတို့ ဆောင်ရွက်ပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနတွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း သွေးတိုး ဆီးချို/သွေးချို လူနာများအား အခမဲ့ ကုသပေးလျက်ရှိရာ မည်သူမဆို အဆိုပါရောဂါများအား လာရောက်စမ်းသပ်ကုသနိုင်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးမြင့်ထံက သိရသည်။
ခတ္တာ(ပြန်/ဆက်)