ပြည် ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သင်တန်းကျောင်းအသီးသီးမှ ဆရာ၊ ဆရာများ၊ ဝန်ထမ်းမိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် သက်သာသောနှုန်းထားဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူထုတ်လုပ်ရောင်းချသူများ ပူးပေါင်း ဆောင်ရွက်ကြောင်းသိရသည်။
ထိုသို့ရောင်းချပေးရာတွင် ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူထုတ်လုပ် ရောင်းချသူများအဖွဲ့က ဈေးကားများဖြင့် ပြည်တက္ကသိုလ်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပြည်)၊ ကွန်ပျူတာတက္ကသိုလ် (ပြည်)၊ ပညာရေးဒီဂရီကောလိပ်(ပြည်)နှင့်နည်းပညာတက္ကသိုလ် (ပြည်) တို့သို့ သွားရောက်၍ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီအပါအဝင် အသား/ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး ထိုသို့ရောင်းချပေးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)မှ အရာရှိများ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)