မှော်ဘီ ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်းဆောင်ရွက်ရမည့် လုပ်ငန်းများ ရှင်းလင်းခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မှော်ဘီမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ၊ရွှေရတုခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မှော်ဘီခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး မှော်ဘီခရိုင် သန်းခေါင်းစာရင်း ကော်မတီအတွင်းရေးမှူး ဒေါ်ဥမ္မာညွန့်က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်းနှင့် မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပန်းခင်းစီမံချက် (၃) ဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများအား အသေးစိတ်ချပြရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့သည်။
အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆောင်ရွက်ရမည့် လုပ်ငန်းများ ရှင်းလင်းခြင်းသို့ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဝင်များ၊ မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ၊ မြို့နယ်လဝကမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)