သတင်းများ

အမာမြို့၊ အောက်ဆိပ်ကွင်းကျေးရွာ၊ အခြေခံပညာမူလတန်း (လွန်) သရက်ချောင်းကျောင်း၌ ပညာရည်ချွန်ဆု‌ပေးပွဲ အခမ်းအနားကျင်းပ
Jan 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊   ဘဝသစ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကွင်းကျေးရွာ၊ အ‌ခြေခံပညာမူလတန်း (လွန်) ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မင်းလှမြို့နယ် သံပုရာကန်ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ‌ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Jan 26,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ယမန်နေ့ နေ့လယ်(၁)နာရီခွဲက သံပုရာကန်ကျေးရွာ ဓမ္မာရုံတွင်ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
သရက်ချောင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် ဆောင်းသီးနှံ(၅၂၂)ဧက စိုက်ပျိုးပြီးစီး
Jan 26,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးလုပ်ငန်းများ လုပ်ကိုင်သည့် ဒေသခံပြည်သူများက မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်းသီးနှံများစိုက်ပျိုးလျက်ရှိရာ (၅၂၂)ဧကစိုက်ပျိုးပြီးစီး၍ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဥတ္တရခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း ဥတ္တရသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး
Jan 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မောင်းရမ်းကျေးရွာရှိ တောင်သူအသိပညာပေစင်တာ၌ ကျင်းပခဲ့သည်။
ညောင်ရွှေမြို့ အ.ထ.က(၁)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 26,2024
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီ ပွဲတော်ကို ယမန်နေ့ နံနက် (၉)နာရီက ညောင်ရွှေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ စီတာ စပါးမျိုးစေ့ချကိရိယာဖြင့် နွေစပါး စိုက်ပျိုးနေမှုအခြေအနေများအား ကြည့်ရှုအားပေး
Jan 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာ ကွင်းအမှတ် ၁၈၇၉ ကွင်းတွင် စီတာ စပါးမျိုးစေ့ချကိရိယာဖြင့် နွေစပါး စိုက်ပျိုးနေမှုအခြေအနေများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 26,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်(၉)နာရီခွဲက မြို့နယ်အခြေခံပညာအထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမ၌ ကျင်းပခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး
Jan 26,2024
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာစီပီလိုက်ဖ်စတော့ကုမ္ပဏီလီမိတက်မှ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံအလုပ်သမား ဒေါ်ကြည်လဲ့လဲ့ဦး၏ ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုငွေ (၅,၄၀၀,၀၀၀)ကျပ်အား ယမန်နေ့နံနက်ပိုင်းက ခွင့်ပြုထုတ်ပေးခဲ့သည်။