သရက်ချောင်း ဇန်နဝါရီ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးလုပ်ငန်းများ လုပ်ကိုင်သည့် ဒေသခံပြည်သူများက မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်းသီးနှံများစိုက်ပျိုးလျက်ရှိရာ (၅၂၂)ဧကစိုက်ပျိုးပြီးစီး၍ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် ဆောင်းသီနှံများအဖြစ် ဆောင်းနှမ်း(၅၅)ဧက၊ နေကြာ(၂၆)ဧက၊ မတ်ပဲ(၅)ဧက၊ ပဲလွန်း(၃၇)ဧက၊ ပြောင်းဖူး (၁၅)ဧက၊ ဟင်းသီးဟင်းရွက်(၃၄၄)ဧက၊ ငရုတ်(၄၀) ဧက စိုက်ပျိုးပြီးစီး၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)