သတင်းများ

မုဒုံမြို့၌ အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများဆောင်ရွက်
Jan 26,2024
မွန်ပြည်နယ် မုဒုံမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့မ (၁/၂/၄) ရပ်ကွက်များတွင် ဆောင်ရွက်သည်။
ကွမ်းခြံကုန်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ​ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ခရမ်းမြို့နယ်တွင် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရမ်း ဇန်နဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jan 26,2024
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ပထမမင်္ဂလာစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ စာရင်းမှတ်တမ်းတင်ခြင်းလုပ်ငန်းဆောင်ရွက်
Jan 26,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတစ်ရပ်ဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ရွှေတောင်မြို့ပေါ် (၃) ရပ်ကွက်တွင် ဇန်နဝါရီလ ၁၇ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (တတိယ)အကြိမ် မဟာဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲကျင်းပ
Jan 26,2024
ပဲခူးတိုင်းဒေသကြီးနှင့်တကွ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဘေးအန္တရာယ် အသွယ်သွယ်မှ မကပ်မရောက် ကင်းစင်လွင့်ပျောက်စေရန်နှင့် ဗုဒ္ဓသာသနာတော်၏ အဆီအနှစ်ဖြစ်သော(မဟာပဋ္ဌာန်းအဘိဓမ္မာဒေသနာတော်ကြီး) နေရောင်လရောင်ပမာ ဝင်းပထွန်းတောက် ကောင်းကျိုးရောက်စေရန်ရည်သန်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုနှင့် ပြည်မြို့လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများကြီးမှူး၍ သံဃာတော်အရှင်သူမြတ်များမှ (တတိယ)အကြိမ် အသံမစဲမဟာဆေးပဋ္ဌာန်းရွတ်ဖတ် ပူဇော်လှူဒါန်းပွဲကြီးကို  ရွှေဆံတော်စေတီတော်ရင်ပြင် လေးထပ်ဓမ္မာရုံတော်ကြီး၌ ယနေ့နံနက်ပိုင်းကစတင် ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကော့သောင်းခရိုင်အတွင်းရှိ ပန်းခင်းစီမံချက်အဆင့်(၃)နှင့် Biometric ကောက်ယူမှု လုပ်ငန်းဆောင်ရွက်မှုကြည့်ရှုအားပေး
Jan 26,2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၁ဝ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ရှိ မဉ္ဇူသကခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းခရိုင်နှင့် မြို့နယ် ဦးစီးမှူးရုံး၊ လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ (ကော့သောင်း)တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ရွှေတောင်မြို့နယ်တွင် ကြယ်ဖြူပန်းစိုက်ပျိုး၍ မိသားစုဝင်ငွေရရှိ
Jan 26,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက် အင်ကြင်းစင်ကျေးရွာတွင် မိသားစုတစ်ပိုင်တစ်နိုင် ကြယ်ဖြူပန်းစိုက်ပျိုး၍ မိသားစုဝင်ငွေရရှိကြောင်း သိရသည်။