သတင်းများ

မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌  (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဉာဏ်စမ်းဗဟုသုတ ပြိုင်ပွဲကျင်းပ
Jan 26,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အခြေခံပညာအလယ်တန်းအဆင့် ဉာဏ်စမ်းဗဟုသုတပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။ 
ကလောမြို့နယ်၌ ကမ္ဘားနီကျေးရွာ စာကြည့်တိုက်ဖွင့်လှစ်မှုသုံးနှစ်ပြည့်နှင့် အမေများနေ့ အထိမ်းအမှတ် စာပေဆုချီးမြှင့်ပွဲကျင်းပ
Jan 26,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ကမ္ဘားနီကျေးရွာတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပညာအလင်းရောင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်ဖွင့်လှစ်ခဲ့ရာ သုံးနှစ်ပြည့်နှင့် ပြာသိုလပြည့်အမေများနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲများပြုလုပ်ပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျိုက်ဖျဥ်ကူစေတီတော်မြတ်ကြီး၏ (၃၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဆွမ်းကြီးလောင်းပွဲတော်၊ သဲဖြူကုန်းကျေးရွာရှိ ဟင်းသီးဟင်းရွက်များ အောင်မြင်ဖြစ်ထွန်း နေမှုကြည့်ရှုအားပေး
Jan 26,2024
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မုတ္တမမြို့ရှိ ကျိုက်ဖျဥ်ကူစေတီတော်မြတ်ကြီး၏ (၃၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဆွမ်းကြီးလောင်းပွဲတော်သို့ရောက်ရှိရာ ရှေးဦးစွာ စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်နှင့် ဆရာတော်သံဃာတော်များ အားဖူးမြှော်ကြည်ညိုပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ဘုရားအမှူးပြုသော ပင့်သံဃာတော်များ၊ သီလရှင်ဆရာလေး (၁၅၀) ပါးတို့အား ဆွမ်းခြောက်များ လောင်းလှူခဲ့ကြသည်။
ဗဟန်းမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Jan 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်း အောင်ဆန်းခန်းမ၌ လူငယ်များ၊ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များ ပိုမိုပြည့်ဝစေပြီး စာဖတ်ခြင်းအလေ့အထ ပိုမိုတိုးပွားလာစေ၍ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များပေါ် ထွန်းလာကြစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့မွန်လွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 26,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကိုယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jan 26,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါကျောင်းရှိ အစည်းအဝးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာစည်မြို့ အ.ထ.က(၁)၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Jan 26,2024
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆု‌ပေးပွဲ အခမ်းအနားကျင်းပ
Jan 26,2024
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆု‌ပေးပွဲ အခမ်းအနားကို အမှတ်(၁၃) အခြေခံပညာအထက်တန်း‌ကျောင်း၌ ကျင်းပခဲ့သည်။