သတင်းများ

ဟိုမိန်းမြို့၊ ခုံလုံကျေးရွာအုပ်စု၊ လုတ်လေကျေးရွာဘုန်းတော်ကြီးကျောင်း (၆၀×၃၀)ပေ RC(၁)ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု ကွင်းဆင်းကြည့်ရှု စစ်ဆေး
Jan 26,2024
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ် (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၀၉.၈၀၀)သန်းဖြင့် ဟိုမိန်းမြို့၊ ခုံလုံကျေးရွာအုပ်စု၊ လုတ်လေကျေးရွာ ဘုန်းတော်ကြီးကျောင်း (၆၀×၃၀)ပေ RC(၁)ထပ်ကျောင်းဆောင်သစ်အား သတ်မှတ်ချက်နှင့်အညီ အချိန်မီပြီးစီးရေးဆောက်လုပ်နေမှုကို မြို့အုပ်ချုပ်ရေးမှူး ဦးသူရအောင်နှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အင်းစိန်မြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာပေဟောပြောပွဲ၊ စာစီစာကုံး၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြော၊ ကဗျာနှင့် နံရံကပ်ဓာတ်ပုံပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Jan 26,2024
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန (အင်းစိန်မြို့နယ်) နှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာပေဟောပြောပွဲ၊ စာစီစာကုံး၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ ပုံပြော၊ ကဗျာနှင့် နံရံကပ်ဓာတ်ပုံပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
မိုးညိုမြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jan 26,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး(Kaeru Caravan) ကစားနည်း(၉)မျိုးဖြင့် ပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက  အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(မိုးညို)၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အလုံခရိုင်၏ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jan 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၏ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အလုံမြို့နယ်အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကျန်စစ်သားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်
Jan 26,2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကျန်စစ်သားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
မရမ်းကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု‌ပေးပွဲ အခမ်းအနားကျင်းပ
Jan 26,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ပေးပွဲအခမ်းအနားကို မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အ.ထ.က (၁) ကျောင်း စန္ဒိမာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
လှည်းကူးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး
Jan 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စု/တိုင်းဒေသကြီး ရန်ပုံငွေတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီလ(၂၄)ရက်နေ့က လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ပြာသိုလပြည့်နေ့ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရားဖူးများဖြင့် စည်ကားများပြားလျက်ရှိ
Jan 26,2024
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြာသိုလပြည့်နေ့တွင် ပြည်တွင်းဘုရားဖူးခရီး အမြောက်အများ လာရောက်လည်ပတ်လျက်ရှိပြီး သမိုင်းဝင်နာမည်ကျော် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများတွင် ပြည်တွင်းခရီးသွားဘုရားဖူးခရီးသွားများဖြင့် စည်ကားလျက်ရှိကြောင်း ဗူးဘုရားဂေါပကအဖွဲ့ ထံကသိရသည်။