သတင်းများ

မရမ်းကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု‌ပေးပွဲ အခမ်းအနားကျင်းပ
Jan 26,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ပေးပွဲအခမ်းအနားကို မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အ.ထ.က (၁) ကျောင်း စန္ဒိမာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
လှည်းကူးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး
Jan 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စု/တိုင်းဒေသကြီး ရန်ပုံငွေတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီလ(၂၄)ရက်နေ့က လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ပြာသိုလပြည့်နေ့ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရားဖူးများဖြင့် စည်ကားများပြားလျက်ရှိ
Jan 26,2024
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြာသိုလပြည့်နေ့တွင် ပြည်တွင်းဘုရားဖူးခရီး အမြောက်အများ လာရောက်လည်ပတ်လျက်ရှိပြီး သမိုင်းဝင်နာမည်ကျော် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများတွင် ပြည်တွင်းခရီးသွားဘုရားဖူးခရီးသွားများဖြင့် စည်ကားလျက်ရှိကြောင်း ဗူးဘုရားဂေါပကအဖွဲ့ ထံကသိရသည်။
လပွတ္တာမြို့(ကျောက်မှော် )အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၃ -၂၀၂၄ ပညာရေးစုံညီ ပွဲတော်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကျောက်မှော် အခြေခံပညာမူလတန်းကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားကို ကျောက်မှော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မင်းထွန်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်​ပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ ပညာရေးစုံညီပွဲတော်သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဆောင်းဆီထွက်သီးနှံ(နေကြာ) တောင်သူပညာပေး မျိုးစေ့ထုတ်စိုက်ခင်း ရွက်ဖျန်းမြေဩဇာပက်ဖျန်းခြင်း ကွင်းသရုပ်ပြပွဲတက်ရောက် ပြည်နယ်ငါးလုပ်ငန်းစခန်း၌ လုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး
Jan 26,2024
“စားသုံးဆီဖူလုံဖို့ နေကြာသီးနှံစိုက်ကြစို့”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့် နေကြာစိုက်တောင်သူများ မျိုးကောင်းမျိုးသန့် နေကြာစိုက်ပျိုးနိုင်ရေးအတွက် ဆောင်းဆီထွက်သီးနှံ(နေကြာ) တောင်သူပညာပေးမျိုးစေ့ထုတ်စိုက်ခင်း ရွက်ဖျန်းမြေဩဇာပက်ဖျန်းခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာရှိ တောင်သူဦးသာဆန်း၏စိုက်ကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေကြာစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။
နွေစပါးကောက်စိုက်စက်ဖြင့် ကောက်စိုက်ခြင်းကွင်းသရုပ်ပြ မြေဩဇာများထောက်ပံ့
Jan 26,2024
ကရင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေစပါး ကောက်စိုက်စက်ဖြင့်  စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် ယူရီးယားနှင့်သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၄ နာရီခန့်က ဘားအံမြို့နယ်၊ နောင်လုံအနောက်ကျေးရွာအုပ်စု၊ ကော့မကယ်ကျေးရွာ၊ အကွက်အမှတ် ၁၁၆၆(ခ)၊ ကော့ မကယ်ကွင်း၌ ကျင်းပခဲ့သည်။
သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန် ဆုပေးပွဲ ကျင်းပ
Jan 26,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံပညာရည်ချွန်ဆုပေးပွဲကို အဆိုပါ ကျောင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
သာပေါင်းမြို့နယ်တွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်
Jan 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စုတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်အဖွဲ့များသည် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။