သတင်းများ

ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jan 26,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အမှတ်(၉၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူးကောင်းမြတ်သူနှင့်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေး လမ်းမပေါ်တွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး  အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 26,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ မှုးခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လောင်းလုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ဗထူးခန်းမ၌ ကျင်းပခဲ့သည်။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ 
Jan 26,2024
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၊ ဘွဲ့နှင်းသဘင်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့၌ ကလေးသူငယ်သဘာဝဘေးအန္တရာယ်လျော့နည်းရေးနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေး လက်တွေ့သရုပ်ပြပွဲအခမ်းအနားကျင်းပ
Jan 26,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ကလေးသူငယ်သဘာဝဘေးအန္တရာယ်လျော့နည်းရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအခမ်းအနားနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမ တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့  ပြတိုက်ဝင်ကြေး ၃၈၅၂၆၀၀၀ ကျပ်ကောက်ခံရရှိ
Jan 26,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ပုဂံရှေးဟောင်းသုတေ သနပြတိုက်သို့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်တွင်းပြည်ပလေ့လာရေးခရီးသွားများထံမှ ပြတိုက် ဝင်ကြေးကောက်ခံရရှိမှု ၃၈၅၂၆၀၀၀ ကျပ်ကောက်ခံရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။
ပွင့်ဖြူမြို့နယ်၌ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဆောင်းသီးနှံမျိုးစုံ စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှုအား တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 26,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ ယခုနှစ် ဆောင်သီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် ဆောင်းသီးနှံလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း၌ ဆောင်းသီးနှံမျိုးစုံ စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို မင်းဘူးခရိုင် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများ ကျန်းမာ​ရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
Jan 26,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်း (၉) နာရီမှ ( ၁၂)နာရီအထိ အပတ်စဉ်​ သောကြာ​နေ့တိုင်း​​ ဆောင်ရွက်မှု ပေးလျက်ရှိကြောင်း သိရသည်။
အိမ်ခြံဝန်းအတွင်း ဟာဝီသိုလယ်(ခေါ်) တောရဲယိုပင်များ တနိုင်တပိုင်စိုက်ပျိုးလာ
Jan 26,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နေထိုင်ကြသော ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးဖြင့် အဓိကအသက်မွေးဝမ်းကြောင်းကြသော်လည်း ဟင်းသီးဟင်းရွက်ထက် နှစ်ရှည်သီးနှံပင်များကိုသာ ပိုမိုစိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံဖြစ်သည့် ဟင်းသီး ဟင်းရွက်များကိုမူ တောင်ငူမြို့မှ လာရောက်ရောင်းချသည့် ဈေးသည်များကိုသာ အဓိကအားထား ဝယ်ယူစားသုံးကြသည်။