လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

လှိုင်းဘွဲ   ဇန်နဝါရီ ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်(၉)နာရီခွဲက မြို့နယ်အခြေခံပညာအထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးခင်းစလေက ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပညာရေးကို ထူးချွန်ထက်မြက်စွာ ကြိုးစားသင်ယူပြီး မိမိကျောင်း၏ ဂုဏ်၊ မိမိမြို့နယ်၊ မိမိပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးရန်၊ ကာယ၊ဉာဏနှင့်အသိပညာ ဗဟုသုတ ပြည့်စုံ၍ ဘက်စုံထူးချွန်သော ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန် ပြောကြားခဲ့သည်။

ထို့နောက် ဗဟိုအဆင့် ဉာဏနှင့်ကာယ ဆုရရှိသော ကျောင်းသား၊ကျောင်းသူများ၊ ပြည်နယ်အဆင့် ဉာဏနှင့်ကာယ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နယ်အဆင့် ဉာဏနှင့်ကာယ ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော် အကများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)