ညောင်ရွှေမြို့ အ.ထ.က(၁)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော် ကျင်းပ

ညောင်ရွှေ ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီ ပွဲတော်ကို ယမန်နေ့ နံနက် (၉)နာရီက ညောင်ရွှေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူလေးများက ကြိုဆိုပါသည်စုံညီပွဲတော် သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ကလောခရိုင် ပညာရေးမှူး ဒေါ်မြလင်းက အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကားပြောကြားပြီး ကာယ၊ ဉာဏနှင့် စာပေဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြသည်။

၎င်းနောက် အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများ၊ အကအလှများဖြင့် တင်ဆက်ကပြ ဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ