စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ပွဲတော် အခမ်းအနားတက်ရောက်
Jan 27,2024
ကျောင်းသား၊ ကျောင်းသူလူငယ်လေးများအား နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာစေပြီး စာပေနှင့် အနုပညာစွမ်းအား၊ အားကစားတို့ဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး မှန် ကန်သည့်အတွေး အခေါ်အယူအဆများနှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင် ပူးပေါင်းဆောင်ရွက်လာစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မုံရွာမြို့ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း (အလုံ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။