ခရမ်းမြို့နယ်တွင် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ခရမ်း ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရမ်း ဇန်နဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲကလုံခြုံရေး ကိစ္စများအထူးဂရုပြုဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူငယ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့်လည်း မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပေါင်းစပ်၊ ညှိနိုင်းဆောင်ရွက်ရန်လိုအပ်ပါက ပေါင်းစပ်ပြီးဆောင်ရွက်သွာကြရန် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ပြီး၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ကျော်စိုးကသတင်းများကို အချိန်နှင့်တပြေးညီ တင်ပြသွားရန်နှင့် ဌာနဆိုင်ရာရုံးများတွင် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရှိရန်၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြိုနယ်ဦးစီးမှူး ဦးမောင်မောင်သန်းက အဆောက်အဦသန်း ခေါင်စာရင်းကောက်ယူပြီးစီးမှုနှင့် ဆောင်ရွက်နမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် ဌာနဆိုင်ရာများက မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများအား အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုမင်း