မုဒုံမြို့၌ အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများဆောင်ရွက်

မုဒုံ ဇန်နဝါရီ ၂၆

မွန်ပြည်နယ် မုဒုံမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့မ (၁/၂/၄) ရပ်ကွက်များတွင် ဆောင်ရွက်သည်။

၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် အဆောက်အအုံများ၏ တည်နေရာ၊ အရေအတွက်၊ အမျိုးအစား၊ အသုံးပြုမှုနှင့် လူနေထိုင်သော အိမ်ထောင်စုအရေအတွက်တို့ကို မှတ်တမ်းတင်သိရှိနိုင်ရန် အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်သည်။

အဆိုပါအဆောက်အအုံစာရင်းတင်ခြင်း လုပ်ငန်းကို ဇန်နဝါရီ (၂၂) ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာ (၄၂) အား ကောက်ယူသွားမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)