ရွှေတောင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ စာရင်းမှတ်တမ်းတင်ခြင်းလုပ်ငန်းဆောင်ရွက်

ရွှေတောင် ဇန်နဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတစ်ရပ်ဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ရွှေတောင်မြို့ပေါ် (၃) ရပ်ကွက်တွင် ဇန်နဝါရီလ ၁၇ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ရွှေတောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းထူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးနှင့်ရာအိမ်မှူးများက အဆောက်အဦများ၏တည်နေရာ၊ အရေအတွက်၊ အမျိုးအစား၊ အသုံးပြုမှုနှင့် လူနေထိုင်သော အိမ်ထောင်စုအရေအတွက်တို့ကို မှတ်တမ်းတင်သိရှိနိုင်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်အတွင်း စာရင်းကောက်ကွက် (၅၄) ကွက်ရှိသည့်အနက် သရက်တောရပ်ကွက် ကောက်ကွက် (၄) ကွက်၊ ကြာနီကန်ရပ်ကွက် ကောက်ကွက် (၂) ကွက်နှင့် ယွန်းတန်းရပ်ကွက် ကောက်ကွက် (၃) ကွက် စုစုပေါင်း စာရင်းကောက်ကွက် (၉) ကွက် ဆောင်ရွက်ပြီးစီးကြောင်းနှင့် မြို့ပေါ်ရပ်ကွက်များ ပြီးစီးပါက ကျေးရွာအုပ်စု (၄၈) အုပ်စု၊ ကျေးရွာပေါင်း (၂၉၇) ရွာ အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းအား ဇန်နဝါရီလ (၁၅) ရက်မှ မတ်လ (၃၁) ရက်အထိ ရပ်ကွက်၊ ကျေးရွာများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)