သတင်းများ

မြို့သစ်မြို့နယ်၌ စိုက်ပျိုးထားသည့် ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်းကာ ရောင်းချချိန် စျေးကောင်းရရန် တောင်သူများမျှော်လင့်
Jan 26,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့သည် မြေခံ၊ရေခံကောင်း၍ စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်မြို့ဖြစ်ပြီး ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန်၌ စျေးကောင်းရရှိရန်တောင်သူအများ မျှော်လင့်နေကြကြောင်း စိုက်ပျိုးတောင်သူများထံက သိရသည်။
ဟိုမိန်းမြို့၊ အ.မ.က(မူလွန်)ပန်သပြေကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 26,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုမိန်းမြို့ အမှတ် (၃) ရပ်ကွက်ရှိ အ.မ.က(မူလွန်)ပန်သပြေကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။
ဖျာပုံမြို့အ.ထ.က(၃)ကျောင်း၌"လူငယ်စကားဝိုင်း"ကျင်းပ
Jan 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ဖျာပုံမြို့ အ.ထ.က(၃) ကျောင်းမြမဉ္ဇူခန်းမ၌ကျင်းပပြုလုပ်သည်။
ကျောက်တလုံးကြီးမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Jan 26,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထီလုံရပ်ကွက်တွင် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများကို ပင်စင်လစာများ ဆက်လက်ထုတ်ပေး
Jan 26,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများကို ပင်စင်လစာများ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ-လာအိုချစ်ကြည်ရေးတံတားဖွင့်ပွဲ ကျင်းပ
Jan 26,2024
နှစ်နိုင်ငံ နယ်စပ်ဒေသကုန်သွယ်မှုမြှင့်တင်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးချောမွေ့စေရေးအတွက် မြန်မာ-လာအို ချစ်ကြည်ရေးတံတားဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့ရှိ အဆိုပါတံတား၌ ကျင်းပသည်။
မင်းလှမြို့တွင် ဆောင်းရာသီ ဆီထွက်သီးနှံဧကပေါင်း (၂၅၈၀) ဧကစိုက်ပျိုးထားရှိ
Jan 26,2024
၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းရာသီသီးနှံစိုက်ပျိုးရာသီတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အနေဖြင့် ကျေးရွာအုပ်စု (၅၆) အုပ်စု၌ ဆီထွက်သီးနှံဧက ပေါင်း (၂၅၈၀) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Jan 26,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအဖြစ် မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာများနှင့် အခြေခံပညာကျောင်းများသို့ စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ရွှေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။