ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒလ ဇန်နဝါရီ ၂၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ပထမမင်္ဂလာစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက စာဖတ်ဝိုင်းများကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဒေါ်လှလှရီက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ပထမမင်္ဂလာစာအုပ်ထဲမှာ ပါသည့် ပညာလိုလား ကြိုးစားကြပါစို့ ခေါင်းစဥ်ဖြင့် ပညာလိုလားသူသည် ပညာကိုမရှက်မကြောက်ကြိုးစား လေ့လာသင်ယူရန်၊ ပညာသည် အမှန်အမှား၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သောအရာဖြစ်၍ ပညာ၏တန်ဖိုးနားလည်၍ ကြိုးစားသင်ယူရမည်။ ဆက်လက်၍ စာပေဝါသနာရှင် ဒေါ်ချိုချိုက ရည်မှန်းချက်ထား အမြဲကြိုးစားခေါင်းစဥ်ဖြင့် စာပေချစ်ဝါသနာရှင်များက အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online Page မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်များငှားရမ်းပေးခြင်း၊ (Talk Show) နှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းအပြင် သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိသည်။

မြင့်ဇော်(ပြန်/ဆက်)