ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကော့သောင်းခရိုင်အတွင်းရှိ ပန်းခင်းစီမံချက်အဆင့်(၃)နှင့် Biometric ကောက်ယူမှု လုပ်ငန်းဆောင်ရွက်မှုကြည့်ရှုအားပေး

ကော့သောင်း ဇန်နဝါရီ ၂၆

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၁ဝ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ရှိ မဉ္ဇူသကခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းခရိုင်နှင့် မြို့နယ် ဦးစီးမှူးရုံး၊ လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ (ကော့သောင်း)တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပန်းခင်း စီမံချက်များဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်း E- ID စနစ်အတွက်Biographic Biometric ကောက်ယူခြင်းလုပ်ငန်းနှင့် ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကော့သောင်းဒေသသည် ထိုင်းနိုင်ငံနှင့် ရေလမ်းကြောင်းဖြင့် ဆက်စပ်နေသည့် နိုင်ငံတကာ ဝင်/ထွက် ပေါက်ဖြစ်သည်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို လုပ်ထုံး လုပ်နည်းနှင့် တိကျမှန်ကန်စွာစနစ်တကျ ဆောင်ရွက်ကြစေရေး၊ တစ်ဖက်နိုင်ငံသို့ သွားရောက်အလုပ်လုပ် ကိုင်ကြသည့် မြန်မာအလုပ်သမားများအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် အညီ ဝင်/ထွက် သွားလာအလုပ်လုပ်ကိုင်နိုင်ရေးအတွက်စီစဉ် ဆောင်ရွက်ပေးနိုင်ရေး အခြေ အနေများနှင့် စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်းမှာကြားကာ ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ တင်ပြချက်များကို လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမသို့ သွားရောက်၍ အဆိုပါခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားဆောင်ရွက်ပေးခြင်း၊ EID စနစ်ဖြင့် Blographic/ Biometric ကောက်ယူခြင်းလုပ်ငန်း One Stop Service) ဆောင်ရွက်ပေးနေမှုနှင့် မြို့နယ်ရုံးမှ နိုင်ငံသားကတ်​ပြားထုတ်ပေးမှု မှတ်ပုံတင် စာအုပ်(နိုင်-၄)ပါအချက်အလက်များအား ရုံးချုပ်Serverအတွင်း ထည့်သွင်းထားသည့် အချက် အလက်နှင့် ကိုက်ညီမှုရှိ/ မရှိ တိုက်ဆိုင်စိစစ်အတည်ပြု ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည် အားပေးကြသည်။

အဆိုပါအခမ်းအနားတွင် လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအနက် နိုင်ငံသားကတ်ပြားမရှိသေးသူများ၊ပျောက်ဆုံး/ပျက်စီး၍ ပြန်လည်လျှောက်ထားသူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးပြီးနောက် e-ID စနစ် အတွက် ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)များ ကောက်ယူခြင်းလုပ်ငန်းကို တစ်ပါတည်းဆောင်ရွက်ပေးပြီး နိုင်ငံသားကတ်ရှိပြီးသူများအား Biographic / Biometric များကောက်ယူ၍ e-ID စနစ် အတွက် ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို တစ်နေရာတည်းတွင် တစ်ပါတည်း ဆောင်ရွက်ပေးခြင်းဖြစ်ရာ နိုင်ငံသားကတ်မရှိသူ ၄၁ ဦးကို နိုင်ငံသားကတ်ထုတ်ပေးခဲ့ပြီး နိုင်ငံသားကတ်ရှိပြီးသူ ၃၀ နှင့်အတူ စုစုပေါင်း ၇၁ ဦးအား EIDစနစ်ဖြင့် ဆောင်ရွက်ပေး၍ Unique ID နံပါတ်များ ထုတ်ပေးနိုင်ခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကော့သောင်းမြို့ ရွှေဝက်ဝံတံတားအနီးရှိ အလုပ်သမားဝန်ကြီးဌာနရွှေ့ပြောင်းအလုပ်သမား MoU U-Tum ဆောင်ရွက်ပေးသည့်စခန်းသို့ သွားရောက်၍ MoU U-Turnအလုပ်သမားများအတွက် OWIC ကတ် ထုတ်ပေးနိုင်ရန် လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲမှ ဝန်ထမ်းများက EID စနစ်ဖြင့် နိုင်ငံ  သားစိစစ် အတည်ပြုဆောင်ရွက်နိုင်ရေး စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှုနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး အတွက် အလုပ်သမားဝန်ကြီးဌာနမှဝန်ထမ်းများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန မှာကြား ကာစခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကော့သောင်းမြို့ မြို့မ ဆိပ်ခံ တံတားယာယီဖွင့်လှစ်ဆောင်ရွက်မည့်နေရာနှင့် လူဝင်မှုစစ်ဆေးရာဆိုင်ရာ ယာယီရုံး တည်ဆောက်မည့်မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မြို့မတံတားရှိလူဝင်မှု စစ်ဆေးရေး ဒုတိယဌာနခွဲရှိ Passport ဖြင့်ဝင်ထွက်သွားလာသည့် နိုင်ငံခြားသားများ စစ်ဆေးရေးကောင်တာနှင့် BP/TBP စစ်ဆေးထုတ်ပေးရေးကောင်တာတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးပြီးလိုအပ်သည်များမှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မြို့မတံတားမှ ရေယာဉ်ဖြင့် ထွက်ခွာ၍ မြွေတော်ကျွန်း၊ ရတနာကျွန်းနှင့် သူဌေးကျွန်းတို့ရှိ လူဝင်မှုစစ်ဆေးရေး ဂိတ်များကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)