သံဖြူဇရပ်မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဖွင့်ပွဲ အခမ်းအနားကျင်းပ

သံဖြူဇရပ် ဇူလိုင် ၂၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဇူလိုင် ၂၁ ရက် နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်ပြည်နယ် ဥပဒေချုပ် ဒေါ်မိသန္တာမြင့်၊ ပြည်နယ်ဥပဒေအရာရှိ ဦးအောင်ကိုမြတ်၊ မော်လမြိုင်ခရိုင် ဥပဒေ အရာရှိ ဦးကိုကိုမောင်နှင့် ဝန်ထမ်းများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းဝေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး မွန်ပြည်နယ် ဥပဒေချုပ် ဒေါ်မိသန္တာမြင့်က အဖွင့်အမှာစကားပြောကြားပြီး မော်လမြိုင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းဝေက အမှာစကားပြောကြားသည်။

ထို့နောက် မော်လမြိုင်ခရိုင် ဥပဒေအရာရှိ ဦးကိုကိုမောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဥ်း၍ ရှင်းလင်း‌ပြောကြားပြီး သင်တန်းသားများနှင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို မြို့နယ်ဥပဒေရုံးမှ သင်တန်းနည်းပြ(၃)ဦးတို့က ဥပဒေဆိုင်ရာဘာသာရပ်များကို သင်တန်းသား/သူ (၄၁)ဦးတို့အား ဇူလိုင် (၂၁) ရက်နေ့မှ (၂၄) ရက်နေ့အထိ (၄) ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)