တိုက်ကြီး ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရက် ၁၀၀ စီမံချက်ဖြင့် နို့စားနွားမွေးမြူရေးသင်တန်းကို ယမန်နေ့က တိုက်ကြီးမွေးမြူရေးဇုန် ရှင်းလင်းဆောင်တွင် ဖွင့်လှစ်သည်။
သင်တန်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သိမ့်သဉ္ဇာရွှေက နွားမွေးမြူရေးသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပျဉ်းမပင်မွေးမြူရေးခြံများနယ်မြေမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်ဦးက နို့စားနွားမျိုးများ ရွေးချယ်ခြင်း၊ အစာကျွေးမွေးစောင့်ရှောက်နည်းနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ရာ မွေးမြူရေးဇုန်မှ တာဝန်ရှိသူများက သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)