သတင်းများ

တီးတိန်၌ နိုင်ငံ့ဝန်ထမ်းများနှင့် အတူနေမိသားစုများ အခြေခံစားသောက်ကုန်များထုတ်ပေး
Jul 21,2026
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ထောက်ပံ့ပေးအပ်‌သောအခြေခံစားသောက်ကုန်များ တီးတိန်မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းများနှင့်အတူ နေမိသားစုများအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနား နေဆောင်တွင် တာဝန်ရှိသူများက ထုတ်ပေးဖြန့်‌ဝေပေးလျက်ရှိ ကြောင်းသိရသည်။
ဂန့်ဂေါမြို့ ပြည်သူ့ဆေးရုံကြီး၌ နှုတ်ခမ်းကွဲနှင့်အာခေါင်ကွဲဝေဒနာရှင် ကလေးငယ်နှင့်မိသားစုအား ထောက်ပံ့
Jul 21,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ မွေးရာပါချို့ယွင်းချက်ရှိသည့် နှုတ်ခမ်းကွဲနှင့်အာခေါင်ကွဲ ဝေဒနာရှင်ကလေးငယ်နှင့် မိသားစုအားထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းကပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခေတ္တဆေးရုံအုပ်ဒေါက်တာဝင်းထိုက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်း၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မြို့နယ်အဆင့်ဆယ်အိမ်စုမှူး ဆင့်ပွားသင်တန်း တွံတေးမြို့နယ်၌ဖွင့်လှစ်
Jul 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တွံတေးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကျင်းပသော မြို့နယ်အဆင့် ဆယ်အိမ်စုမှူး ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က တွံတေးမြို့နယ် ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း မော်တော်ယာဉ်တန်ဖိုး အလိုအလျောက်စိစစ်အခွန်တွက်ချက်ပေးဆောင်မှုစနစ် Vehicle Automatic Valuation System (VAVS) အသုံးပြုပုံအဆင့်ဆင့် ရှင်းလင်းဆွေးနွေးပွဲ တက်ရောက်
Jul 21,2026
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူးရုံးမှ ပြုလုပ်သည့် မော်တော်ယာဉ်တန်ဖိုး အလိုအလျောက်စိစစ်အခွန်တွက်ချက်ပေးဆောင်မှုစနစ် Vehicle Automatic Valuation System (VAVS) အသုံးပြုပုံအဆင့်ဆင့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။
ငါးသိုင်းချောင်းမြို့၌ ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားဆောင်ရွက်  
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်း အနားကို ငါးသိုင်းချောင်းမြို့၊ င၀န်ရပ်ကွက်၊ ဆိုင်တန်းလမ်းအတွင်း၌ ဇူလိုင်လ ( ၂၁ ) ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။ 
ဗဟန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်
Jul 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊  ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ တို့ကို ယမန်နေ့က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း မိုးဦးပန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သာစည်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) သင်တန်းဖွင့်
Jul 21,2026
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ဥပဒေရုံးမှ ကြီးမှူးကျင်းပပြုလုပ်သော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)သင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၁ ရက်နံနက် ၉ နာရီက မြို့နယ်စည်ပင်သာယာခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။
သဲကုန်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၁၆၆၈) ဦးအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ
Jul 21,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ လာရောက်ထုတ်ယူလျက်ရှိသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ယနေ့နံနက် (၇) နာရီမှစ၍ ရပ်ကွက် (၁) အောင်ဆန်းစာကြည့်တိုက်၌ စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိသည်။