သတင်းများ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝမ်းတွင်းမြို့နယ်ဦးစီးမှူးရုံး ယာယီရုံးအဆောက်အဦ Container House တပ်ဆင်နေမှုများနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
May 22,2025
မန္တလေးတိုင်းဒေသကြီး၊ မိထ္တီလာခရိုင်၊ ဝမ်းတွင်းမြိုနယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ဝမ်းတွင်းမြို့နယ်ဦးစီးရုံး ယာယီရုံး အဆောက်အဦ Container House တပ်ဆင်နေမှုများနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဗဟန်းမြို့နယ်၊လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကျောင်းသား၊ ကျောင်းသူများ စာစီစာကုံးပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
May 22,2025
ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်(ဗဟန်း)လူထုအ​ခြေပြုဗဟိုဌာန၌ လူငယ်များဉာဏ်ရည်၊ ဉာဏ်သွေးထက်မြတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို မေလ ၂၀ ရက်နေ့ နေ့လယ်(၁၂:၀၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
May 22,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ (၁၄၀ပေ×၃၀ပေ) RCC သုံးထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ က အဆိုပါကျောင်း၌ ဘင်ခရာအဖွဲ့နှင့်ပန်းပွားအကများဖြင့် ကျင်းပသည်။
မိတ္ထီလာမြို့ ၌ ကိုဗစ်ကပ်ကျော် ဗုဒ္ဓပြုံးတော်မူဗုဒ္ဓဥယျာဉ်တော်ဖွင့်ပွဲ အခမ်းအနားကျင်းပ
May 22,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ပြည်တွင်းပြည်ပကမ္ဘာ့သာသနာပြု အဘိဓဇအဂ္ဂမဟာဇောတိက ၊ အဂ္ဂမဟာပဏ္ဍိတဒေါက်တာအရိယာဝံသ(ပုဂံအလိုတော်ပြည့်ဆရာတော်ကြီး)၏ဩဝါဒခံယူ၍ ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၁၆၈ ဆူအား အများစုပေါင်းတည်ထားကိုးကွယ်သော ကိုဗစ်ကပ်ကျော် ပြုံးတော်မူဗုဒ္ဓဥယျာဉ်တော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့၌ ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူခြင်းများ ဆောင်ရွက်
May 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့တွင် “၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ်ပညာယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာကို ယနေ့နံနက်(၈)နာရီအချိန်က အ.ထ.ကကျောင်းရှေ့၌ တာဝန်ရှိသူများက စိုက်ထူခဲ့ကြကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်၌ ငလျင်‌ဘေးသင့် ပြည်သူများအား စား‌သောက်ကုန်ပစ္စည်းများ ပေးအပ်
May 22,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်းတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည့် ငလျင်ဘေးသင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်စတင်လက်ခံ
May 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကလိန်အောင်မြို့ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား စတင်ကျောင်းအပ်လက်ခံ
May 22,2025
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာအထင်တန်းကျောင်း၌ ယနေ့မနက် ၉ နာရီက ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသောဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား စတင်ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။