မကွေးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေး ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(မကွေး)၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ နည်းပညာတက္ကသိုလ်(မကွေး)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဆန်းမှ အဖွင့်အမှာစကားပြောကြားပြီးနောက် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်နိုးဝေက “အမျိုးသမီးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး”၊ "အမှိုက်အမျိုးအစား(၄)မျိုးခွဲခြားစွန့်ပစ်ခြင်း"အကြောင်းအရာတို့အားလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမှ တောမီးလောင်ကျွမ်းခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် လောင်ကျွမ်းသည့်မီးတို့မှ ဖြစ်ပေါ်လာသည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မမြင်နိုင်သော လူသတ်သမားအန္တရာယ် PM 2.5 Video Clip ကိုပြသခြင်း ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကျောင်းသား၊ ကျောင်းသူများမှ အမှိုက်အမျိုးအစား(၄)မျိုးအား လက်တွေ့ခွဲခြားစွန့်ပစ်ခြင်းတို့အား သရုပ်ပြသပြီး နောက်ကျောင်းသို့ Recycle Bag များပေးအပ်ခဲ့သည်။  အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမ နှင့် ကျောင်းသား/သူ စုစုပေါင်း(၆၉၀)ဦး တက်ရောက်ခဲ့‌ကြောင်း သိရသည်။

မောင်ခိုင်မင်း( ပြန်ဆက်)