မိုးနဲမြို့နယ်၌ စာပေချစ်မြတ်နိုးသူ (Women Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ဆောင်ရွက်

မိုးနဲ ဩဂုတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမနေရာ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က စာပေချစ်မြတ်နိုးသူ(Women Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသမီး‌ရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ စာပေချစ်မြတ်နိုးသူများက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသော “စာကောင်းပေကောင်းရဲ့အရသာ”စာအုပ်ထဲမှ အကြောင်းအရာများ၊ ၎င်းတို့ဖတ်ရှုပြီးသော စာအုပ်စာစောင်များထဲတွင်ပါရှိသည့် ဗဟုသုတရဖွယ်အကြောင်းအရာများ၊ စာအုပ်စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများ၊ စာပေချစ်မြတ်နိုးသူများတိုးပွားလာရေး ပြုလုပ်သင့်သည့်အချက်များကို စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်လုပ်ငန်းပိုမိုတွင်ကျယ်လာစေရေး စာဖတ်ပရိတ်သက်များတိုးပွားလာရေးတို့အတွက် ရုံးတွင်း၌သာမက အခြေခံပညာကျောင်းများ၌ပါ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို