သတင်းများ

မြစ်သားမြို့နယ်တွင် ‌ဒေသခံပြည်သူများ စားအုန်းဆီ၁ပိဿာ (၈၂၂၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Feb 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်ဆီ လုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများအား စားအုန်းဆီတစ်ပိဿာလျှင် (၈၂၂၀) ကျပ်နှုန်းဖြင့်‌ ဈေးနှုန်းချိုသာစွာရောင်းချပေးခြင်းကို ရှမ်းပွဲရပ်ကွက်အတွင်းရှိ ဒေါ်ဇာဇာကုန်စုံဆိုင်‌ရှေ့တွင် ယမန်‌နေ့က ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့သို့ရောက်ရှိနေကြသည့် ကန့်ဘလူခရိုင်၊ ကောလင်းခရိုင်နှင့် ရေဦးခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ
Feb 24,2025
ကန့်ဘလူမြို့သို့ရောက်ရှိနေကြသည့် ကန့်ဘလူခရိုင်၊ ကောလင်းခရိုင်နှင့် ရေဦးခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကန့်ဘလူခရိုင် စုပေါင်းရုံးရှိ ရွှေဆည်မြိုင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြသည်။
ပင်လုံမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်
Feb 24,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က ပင်လုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့သွားရောက် ဆောင်ရွက်ပေးခဲ့ပါသည်။
ဟိုပုံးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့်(ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆို
Feb 24,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့်(ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှစ၍ ကျင်းပလျက်ရှိရာ သက်ဆိုင်ရာကျောင်းအသီးသီးတို့၌ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် (၄၆)ကြိမ်မြောက် သွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်
Feb 24,2025
(၄၆)ကြိမ်မြောက် သွေးလှူရှင်များဂုဏ်ပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီရုံး မြို့တော်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ စေတနာသွေးလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်သာသနာ့ဗိမာန်တည်ဆောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက် ပြည်ထောင်စုလမ်းရှိ ပြည်ကြီးချမ်းသာမဟာစေတီတော်ကြီး (မြို့ဦးစေတီ)ရှိ သန္တိသုခဓမ္မာရုံတွင်  မြို့နယ်သာသနာ့ဗိမာန်တည်ဆောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ညနေ ၃ နာရီက   ကျင်းပခဲ့ကြောင်းသိရသည်။
ရွှေတောင်မြို့နယ်တွင် (အခမဲ့)ဆေးကုသမှုအစီအစဥ်နှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပ
Feb 24,2025
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့၏အနီးကပ်ကြီးကြပ်မှုဖြင့် ရွှေတောင်မြို့နယ်၊ တရုတ်မှော်တိုက်နယ်ဆေးရုံတွင် ပြည်မြို့ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၏ (အခမဲ့)ဆေးကုသမှုအစီအစဥ်နှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပခဲ့သည်။
ကသာမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ (၅)ရက်နေ့မြောက် ထောက်ပံ့ငွေများပေးအပ်
Feb 24,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ (၅)ရက်နေ့မြောက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့တော်ခန်းမ၌ ဆက်လက်ပြုလုပ်ခဲ့သည်။