မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မင်းတုန်း ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် အခြေခံပညာအထက်တန်းတန်းကျောင်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကျင်းပရာ ကျောင်းသား ကျောင်းသူ(၄၅၀)ဦး တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် လက်ထောက်ကျန်းမာရေးမှူး ဦးကြည်လင်က အစားအသောက်များတွင် ပြုပြင် ဖန်တီးထားသော ဆိုးဆေးများကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ရောဂါအန္တရာယ်အကြောင်းဟောပြောပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းလင်းအောင်က ကူးစက်နိုင်သောရောဂါများ၊ မကူးစက်နိုင်သော ရောဂါအမျိုးအစားများ၊ ရောဂါကူးစက်သည့်နည်းလမ်းများနှင့် ဆောင်ရန် ရှောင်ရန်အချက်များ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ချင်းကလေး(NRDC)