မြစ်သားမြို့နယ်တွင် ငလျင်ဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

မြစ်သား  သြဂုတ် ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မင်းကုန်းရပ်ကွက်ရှိ၊ မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ငလျင်ဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက ကျင်းပသည်။

အခမ်းအနားသို့ မြစ်သားမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က ငလျင်ဘေးသင့်ပြည်သူများအား ကူညီဆောင်ရွက်ခဲ့သော  မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုအမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူး ဌေးဝင်း၊  မြို့နယ်မီးသတ်ဦးစီးမှူး  ဦးအောင်မင်းကျော်တို့က မီးသတ်တပ်ဖွဲ့ဝင်များကို  မနာသုခဆန် ၂၄ ပြည်ပါ  ၁၀ အိတ်၊   စားအုန်းဆီ ( ၅၀ )  သားပါ  ၄၂ ဘူး၊ စားငပိ ၁၀  ပိဿာ၊  ကုလားပဲ  ၈ ပြည်တို့အား ပေးအပ်ခဲ့ရာ  မီးသတ်တပ်ဖွဲ့ဝင်များကိုယ်စား မြို့နယ်မီးသတ်ဦးစီးဌာနမှူး  ဦးအောင်မင်းကျော်မှ  လက်ခံယူကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)