ခိုလမ်မြို့၊ အ.လ.က(ခွဲ)ဟိုင်းလိုက်ကျောင်းတွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ်အကြို အသိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ

ခိုလမ် ဩဂုတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အ.လ.က(ခွဲ)ဟိုင်းလိုက်ကျောင်းတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြို အသိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (အငယ်တန်းစာရေး)ဒေါ်ပန်းအင်ကြင်းမှ လူငယ်များကိုယ်ကျင့်တရားကောင်းမွန်လာစေရန်၊ မိမိတို့နိုင်ငံ၏ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် ဥပဒေရေးရာကိစ္စရပ်များ အာရုံစိုက်လာစေ‌ရန်၊ အနာဂတ်အတွက် ဒစ်ဂျစ်တယ်ကျွမ်းကျင်သော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား အရွယ်မရောက်သေးသော ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းခြင်း အသိပညာပေးနံရံကပ်စာစောင်များကို ပြသ‌ပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)